https://www.microsoft.com/en-ww/microsoft-365/academic/compare-office-365-education-plans ကိုဝင်ရောက်ပါ။ မိမိ Browser တွင် မည်သည့် Office 365 မှ ဝင်ရောက်ထား၍ မရပါ။ အကုန် Sign out လုပ်ထားဖို့လိုပါသည်။ သို့မဟုတ် Browser Setting မှ Clear Data (all the time) အတွက် လုပ်ထားပြီးမှ ဆောင်ရွက်ပါ။
ထို့နောက် Get Started for free ကိုနှိပ်ပါ။
ပြီးနောက် Form ကို ဖြည့်သွင်းပါ Business Email နေရာတွင် မိမိတို့ Gmail ကို ဖြည့်နိုင်ပါသည်။ Business Phone နေရာတွင် မိမိတို့ Phone Number ဖြည့်ပါ။
Next ကိုနှိပ်ပါ။
ထို့နောက် မိမိ ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ Country code တွင် Myanmar +၉၅ ကိုရွေးချယ်ပြီး မှ 09 နှင့် စသော မိမိတို့ ဖုန်းနံပါတ်ကို ရိုက်ထည့်ရပါမည်။
ထိုအခါ ကျောင်းအတွက် Office 365 Tenant ကိုလျှောက်ထားရန် Form ဖြည့်နိုင်ပါပြီ။